News & Note

 

“ကန်ရိပ်ကြေးမုံ” မှ “Blog” သို့
ခင်မောင်ညို (ဘောဂဗေဒ)

     လက်ရေးစာစောင်လေးပေမယ့် ပုံနှိပ်ထားတယ်ထင်ရအောင် ခဲစာလုံးတွေစီ၊ အဲဒါကို ဖယောင်းဖောက်စသည်ဖြင့် ဦး ဌေးဝင်းနှစ် (ကဗျာဆရာ မောင်လင်းရိပ်)က အပင်ပန်းခံလုပ်ထားခဲ့တာ။ အခု ကျွန်တော်တို့လုပ်နေတဲ့ ဂျာနယ်မှာ လိုရင် လိုသလို ဆောင်းပါးတွေ အမျိုးမျိုးရေးရတဲ့အခါ “ကန်ရိပ်ကြေးမုံ” မှာ ဗေဒင်ဟောစာတမ်းကအစ ရေးခဲ့ရတာကို ပြန်ပြီး သတိရမိတယ်။ ကိုယ့်ရုံးမှာရှိတဲ့ စာကူးစက်နဲ့ ကိုယ်တိုင်အစအဆုံးလှိမ့်၊ စီ၊ ချုပ် လုပ်ခဲ့ကြတာ။ တလောက ဆရာမောင် ဆုရှင်နဲ့ စကားစပ်မိတော့ ကျွန်တော်က Blog ဆိုတာ လွယ်လွယ်ပြောရရင် လက်ရေးစာစောင်ထုတ်တာနဲ့ တူတယ်လို့ ပြောမိပါတယ်။ သာဓကတစ်ခုအနေနဲ့ပြောရရင် အခုနာမည်ကြီးစာရေးဆရာ မင်းလူဟာ ဟိုတုန်းက “တောကျောင်းဘုန်း ကြီး”ဆိုတဲ့ ကလောင်နာမည်နဲ့ လက်ရေးကဗျာစာအုပ်လေးတွေ ရောင်းထုတ်ခဲ့တာလို့ မှတ်မိတယ်။ ကိုယ်ရေးချင်တာ လေးတွေကို ပေါ့ပေါ့ပါးပါး၊ လွတ်လွတ်လပ်လပ် ပြောခွင့်ရတဲ့နေရာမှာ လက်ရေးစာစောင်နဲ့ Blog နဲ့တူပါတယ်။ ပုံနှိပ်စာ အုပ်တွေမှာ မရတဲ့ အရသာကို လက်ရေးစာစောင်မှာရသလို တခြားဝက်ဘ်ဆိုက်တွေမှာ မရတဲ့ ပေါ့ပါးခြင်း၊ လျင်မြန်ခြင်း၊ သွက်လက်ခြင်းတွေကို Blog မှာရတယ်။
     လူငယ်တွေလုပ်တဲ့ လက်ရေးစာစောင်တွေမှာ အားနည်းချက်တွေရှိသလို Blog တွေမှာလည်း အားနည်းချက်တွေရှိ တာ အမှန်ပါပဲ။ ဒါပေမယ့် တချို့လူတွေ ထင်ကြ၊ ပြောကြသလို ခေတ်ကြီးပြောင်းသွားလိုက်အောင် စွမ်းအားရှိတယ်လို့ တော့ ကျွန်တော့်အနေနဲ့ မယူဆမိပါဘူး။
     ကျွန်တော်တို့ရဲ့ ကန်ရိပ်ကြေးမုံကနေ အယ်ဒီတာ အောင်ကျော်ဦး (ပိန်ပိန်)၊ မျိုးမင်း၊ ကာတွန်းဆရာ ငဘကြည် (ငဌေးကြည်)၊ ပန်းချီဆရာနဲ့ ဒါရိုက်တာ ဝေဠု စတဲ့ ပုဂ္ဂိုလ်တွေ မွေးထုတ်ပေးခဲ့ပါတယ်။ အခု MRTV-4 မှာ နှုတ်နဲ့ပြောပြီး စာရေးနေတဲ့ မျိုးမြတ်သူ ဆို ကန်ရိပ်ကြေးမုံမှာ လက်သွေးခဲ့တာပေါ့။
     လွန်ခဲ့တဲ့ငါးနှစ်က စတင်ခဲ့တဲ့ eBook ဟာ အခု အရွယ်အတော်ရသွားပြီ။ သူ့နောက်မှာ Blog တောင်ပေါ်လာပြီ။ တလောက ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ နည်းပညာသစ်ရယူအသုံးချမှု မြန်ဆန်ပေမယ့် ကျယ်ပြန့်တာ နှေးကွေးတယ်ဆိုတဲ့ ဝေ ဖန်ချက်ဖတ်လိုက်ရတယ်။ အခုလိုဖြစ်ရတာဟာ စီးပွားရေးလည်း အကြောင်းတစ်ကြောင်းပါမယ်။ တခြားအကြောင်းအရာ တစ်ခုကတော့ နည်းပညာအသစ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ နည်းပညာအဟောင်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုအပေါ်မှာလည်း မှီ တည်နေသတဲ့။
     (၅) နှစ်သား eBook ဟာ စာအုပ်ရောင်းရတဲ့ ငွေတွေကို စရိတ်မနှုတ်ဘဲ စာရေးဆရာတွေကို ဝေငှပေးရုံသာမက ဆရာ ပါရဂူရဲ့ စာကြည့်တိုက်ကိုလည်း သီးခြားလှူဒါန်းသေးတယ်။ စာရေးဆရာတွေက စာအုပ်ရောင်းရငွေတွေကို တပျော်တ ပါးကြီးထုတ်ယူကြတယ်။ ကိုယ့်စာအုပ်တွေကို နိုင်ငံရပ်ခြားကပါ ဖတ်ခွင့်ရတဲ့အတွက်လည်း ၀မ်းသာကြတယ်။
     အရောင်းရဆုံးစာအုပ်တွေထဲမှာ အချစ်တွေ၊ ဗေဒင်တွေက အများဆုံးဖြစ်ပေမယ့် ဒီနှစ်မှာ အထူးခြားဆုံးက ဒေါက် တာအောင်ခင်ဆင့်ရဲ့ ဖိုမဆက်ဆံရေးစာအုပ်က ကျော်တက်သွားခဲ့တယ်။ နိုင်ငံခြားက စာအုပ်ရှာဖတ်ကြတာ လူငယ်တွေ ဖြစ်ပေမယ့် အရင်တုန်းက အလုပ်သွားလုပ်ကြတာဖြစ်ပြီး အခုပညာသင်အများဆုံးသွားကြတာဖြစ်လို့ အဲဒီပညာသင်လူ ငယ်တွေက ကျန်းမာရေးပညာတွေ လေ့လာကြတယ်လို့ သုံးသပ်စရာဖြစ်ပါတယ်။
     eBook ဟာ အကြောင်းကြောင်းကြောင့် ထင်သလောက်ခရီးမပေါက်ပေမယ့် ခရီးတွင်သင့်သလောက်တွင်နေပါတယ်။ Living Color (ကြော်ငြာနဲ့ ဈေးဝယ်လမ်းညွှန်မဂ္ဂဇင်း) က အရောင်းရဆုံးဖြစ်တာကိုကြည့်ရင် စီးပွားရေးနဲ့ သတင်းအချက် အလက်တွေကို စိတ်ဝင်စားကြတယ်လို့ ယူဆချက်ကို The Voice, The Flower News ဂျာနယ်တွေ အရောင်းရဆုံးစာ ရင်းဝင်နေတာက ထပ်ပြီး ထောက်ခံထားပါတယ်။ အလင်းတန်းနဲ့ ပေါ်ပြူလာတို့ကို မြန်မာနိုင်ငံက အနုပညာသတင်းတွေ၊ ဆောင်းပါးတွေ ဖတ်ချင်လို့ ၀ယ်တယ်လို့ ယူဆပါတယ်။ ဖက်ရှင်အင်းမေ့ရှ်၊ ရွှေအမြုတေ၊ Faces နဲ့ သရဖူ တို့ကို လူငယ် တွေက ခေတ်နဲ့မျက်ခြေမပျက်ဖို့ ရသစာပေတွေခံစားဖို့ ဖတ်ကြတယ်လို့ နားလည်ကြပါတယ်။
     ကျွန်တော်တို့ရဲ့ eBook (၅)နှစ်ကနေ အနှစ် (၅၀) ရွှေရတုတိုင်ပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်။

 

Back

 

Download

 
ZawGyiOne Font
ZawGyiOne Unicode Installer

 
  Home
  eBooks Store
  ePainting
  This Week in Myanmar