|
လူ့သက်တမ်းအရ အသက် ၇၅ နှစ်ထိအောင် နေကြရသည်မှာ ရတောင့်ရခဲလှပါသည်။ ထိုသို့
သက်တမ်းမျှရှိသောအ ချိန်တွင် ညီအစ်ကို မောင်နှမအရင်းအချာ ခုနှစ်ဦးစလုံး
အသက် ၉၀ ကျော် မှ ၇၀ ကျော်အထိ မသေမပျောက် ကျန်းကျန်း မာမာဖြင့်
အသက်ထင်ရှားရှိနေကြဖို့ရာ အလွန်သီလကောင်းကြသောကြောင့် ဖြစ်ပေသည်။
ကမ္ဘာပေါ်တွင် အံ့ဖွယ်ရာ လည်းဖြစ်ပါသည်။
ထိုမောင်နှများမှာ တောင်ကြီးမြို့ ရှုမ၀တိုက်မှ ကွယ်လွန်သူ
ဘုရားဒကာကြီး ဦးခင် - ဘုရားဒယိကာမကြီး ဒေါ်ဒေါ်ရွှေ တို့၏ သားသမီးများ
ဖြစ်ပါသည်။ မောင်နှမ ၇ ယောက်မှာ...
(၁) ဒေါ်ဒေါ်ခင် (အဘွားခင်) အသက် ၉၃ နှစ်
(၂) ဒေါ်ခင်ကြည် (အဘွားကြည်) အသက် ၈၇ နှစ်
(၃) ဒေါ်ခင်မြမြ (အဘွားမြ) အသက် ၈၅ နှစ်
(၄) ဦးခင်မောင်သိန်း (အဘိုးသိန်း) အသက် ၈၂ နှစ်
(၅) ဒေါ်ခင်လှလှ (အဘွားလှ) အသက် ၇၉ နှစ် (ကထိက-အင်္ဂလိပ်စာဋ္ဌာန(ငြိမ်း)၊
စာရေးဆရာမ ကမ္ဘောဇမြဉ္ဇု)
(၆) ဒေါ်ခင်သောင်းရီ (အဘွားသောင်း) အသက် ၇၇ နှစ်
(၇) ဒေါ်ခင်ထွေးကြည် (အဘွားထွေး) အသက် ၇၅ နှစ် (အမှတ်(၅)အ.ထ.က
ကျောင်းအုပ်ဆရာမကြီး (ငြိမ်း)
တို့ဖြစ်ကြပါသည်။
အဘွားတို့ ညီအစ်မခြောက်ယောက်သည် နှစ်စဉ် ဒီဇင်ဘာလတိုင်း
အင်းတိုင် ခိပ္ပါဘိညာ သဒ္ဓမ္မရံသီရိပ်သာတွင် တ ရားစခန်းတစ်လ၀င်ကြသည်မှာ ၅
နှစ်ရှိပါပြီ။ တရားစခန်းတွင် ဟန်ချက်မပျက် စင်္ကြံလျှောက်နိုင်ကြပါသည်။
ဆွမ်းစား ဆောင်တွင် ညီအစ်မခြောက်ယောက် အတူတကွ တစ်စားပွဲထဲထိုင်ပြီး
ဆွမ်းစားနေကြသည်မှာ ကြည်ညိုစရာ ကောင်း ပါသည်။
မှန်း
သဇင်တစ်ခက်၊ ပင်မြင့်ထက်ဝယ်
အသက်ဝင်နေ၊ မိုးဆောင်းနွေပြောင်း
လေပြေနှောင်းတောင်၊ ရွက်ဟောင်းလည်းလှ
ကြွေမကျဘဲ၊ ဖြူလျပွင့်ဖတ်
မြရောင်စပ်ခါ၊ ပန်းနတ်နွယ်ရှင်
မိုးကောင်းကင်မှ၊ ဆင်းလာကြသလို
ညီမခြောက်ဖော်၊ တစ်မောင်တော်တို့
ပြုံးပျော်ယှက်နှောင်၊ မဂ္ဂင်ဖောင်ကြီး
ဦးဆောင်စီးကာ၊ သမီးသားမြေး
ဓမ္မတေးဆို၊ သေဘေးမကြောက်
နိဗ္ဗာန်ပေါက်အောင်၊ အယောက်တိုင်းညီ
မောသျှမ်းပြည်မှ၊ ရှုမ၀ရထား။
|